ဗိုင်းရပ်စ် ကိုက်သွားလို့ ယူအက်စ်ဘီထဲက ဖိုင်တွေ ပျောက်သွားလို့ စိတ်ညစ်မနေပါနဲ့။ ဒီလိုလေး လုပ်ရုံပါဘဲ။
(အခုပြောမှာက ဗိုင်းရပ်စ်က ဖိုင်တွေကို ၀င်းဒိုးစ်စစ်စတမ်ဖိုင်အဖြစ်ပြောင်းလိုက်လို့ ဖိုင်တွေ မတွေ့ရတော့တဲ့ အမျိုးအစားအတွက်ပါ။ ဖိုင်တွေက ပျက်သွားတာမဟုတ်ဘဲ ရှိနေဆဲပါ။ ဒါပေမယ့် Hidden file/folder ဖြစ်သွားတာပါ။ Right Click > Properties မှာ Hidden ကို uncheck လုပ်လို့လည်း မရပါ။)

ပထမဆုံး Control Panel > Folder Options ကိုဖွင့်ပြီး View ရဲ့အောက်မှာရှိတဲ့
- Show hidden files, folders and drives ကို check (အမှတ်ခြစ်) လိုက်တယ်
- Hide extensions for known file types ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
- Hide protected operation system files (Recommended) ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
ပြီးတော့ Ok, Ok တွေ လုပ်လိုက်တယ်။
ကဲ အခု အဲဒီ ယူအက်စ်ဘီကို ပြန်ဖွင့်ကြည့်ပါ။ ပျောက်နေတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို Hidden file အဖြစ် မြင်နေရပါမယ်။
- cmd run လိုက်ပါ။ (Start > Run ကိုဖွင့်ပြီး cmd လို့ရိုက်ထည့်။ Enter ခေါက်ပါ။)
- ကိုယ့်ယူအက်စ်ဘီရဲ့ Driver Letter + Full Column ကို ပုံမှာပြထားတဲ့အတိုင်း ထည့်ပေးပြီး Enter ခေါက်ပါ။ (Drive Letter က e ဆိုရင် e: လို့ထည့်ပါ။ g ဆိုရင် g: လို့ထည့်ပြီး Enter ခေါက်ပါ။)
- dir /ah လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
- attrib [name of file/folder] -r -a -s -h လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ (အခု အဲဒီ ဖိုင်/ဖိုလ်ဒါ ပုံမှန်ပြန်ဖြစ်သွားတာ တွေ့ရပါမယ်။)
ပုံမှာပြထားတာကို ကြည့်ပါ။ cmd run လုပ်ပြီး g: ရိုက်ထည့်- Enter ခေါက်တာက အဆင့် ၁ မှာ။ (ကျနော့် ယူအက်စ်ဘီက drive g ဖြစ်လို့ပါ။)
dir /ah ရိုက်ထည့်- Enter ခေါက်တာက အဆင့် ၂ မှာ။ (အဆင့် ၂ လုပ်ပြီးရင် ဖိုင်/ဖိုလ်ဒါ အမည်တွေ ပေါ်လာတာတွေ့ရပါမယ်။)
အဆင့် ၃ မှာ attrib ဖိုင်/ဖိုလ်ဒါအမည် -r -a -s -h လုပ်တာမှာ အမည်မှားနေလို့ file not found လို့ပြန်ပြောပါတယ်။
အဆင့် ၄ မှာတော့ ဖိုင်/ဖိုလ်ဒါအမည် မှန်သွားလို့ ဘာမှမပြောတော့ပါဘူး။
အဲဒီ အဆင့် ၄ အတိုင်း နောက်ထပ်ဖိုင်တွေ ဖိုလ်ဒါတွေကို တခုချင်းလုပ်သွားပေးပါ။
ဒါဆိုရင် ဖိုင်တွေ ဖိုလ်ဒါတွေ အားလုံး ပုံမှန် ပြန်ဖြစ်သွားပါပြီ။

အားလုံး အဆင်ပြေကြပါစေဗျား။
မှတ်ချက်။ အချို့ဖိုင်တွေ ဖိုလ်ဒါတွေအမည်မှာ space bar ပါနေတာမျိုးဖြစ်တတ်ပါတယ်။ ဥပမာ- zwekabin backup files အဲသလိုမျိုးဆိုရင် zwekabinbackupfiles သို့မဟုတ် zwekabin_backup_files အဲသလိုမျိုးအရင်ပြောင်းထားပေးဖို့ လိုပါမယ်။ (cmd မှာ space ဘယ်လိုထည့်ရလဲ ကျနော်မသိလို့။ တယောက်ယောက်များ သိရင် ပြန်ပြောပြပါဗျား။)
နောက်တခုက အချို့ဖိုင်တွေ ဖိုလ်ဒါတွေက နာမည် အရှည်ကြီးဖြစ်နေတယ်။ အဲဒီအတွက် ပထမဆုံး ၆ လုံးနဲ့ ~1 ဒါကို ထည့်ပေးရင်လည်းရတယ်လို့ ဆိုပါတယ်။