• ရုပ်ရှင်ကြည့်တဲ့အခါ Sleep မဖြစ်အောင်


     ဒီတစ်ခါတော့ ကျနော့်အရင်သူငယ်ချင်း တစ်ယောက်မေးဖူးတာလည်း သတိရလို့ ဒီပိုစ့်လေးကို တင်ပေးလိုက်တာပါ..။ ကွန်ပျူတာကို အတော်လေး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တဲ့ လူတွေအတွက်ကတော့ ကွန်ပျူတာမှာ လုပ်စရာတွေ အများကြီးပါ..။ အခုမှ ကွန်ပျူတာကို စကိုင်တဲ့ လူများအတွက်တော့ DVD အခွေထည့်ပြီး ရုပ်ရှင်ကြည့်တာက အဓိကလိုဖြစ်နေတာပါ..။
    လိုင်းပေါ်တက်ရင်လည်း You Tube ကသီချင်းတွေနဲ့ (You Tube ကသီချင်းတွေကို ဖုန်းထဲဘယ်လို ထည့်ရလဲဆိုတာ နောက်ပိုစ့်တွေမှာ ရှင်းပြပါအုန်းမယ်..။) ရုပ်ရှင်တွေပဲ ရှာကြည့်တာ များကြပါတယ်..။ ဒါကြောင့် ဒီနည်းလေးကို ပိုစ့်တစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်သူငယ်ချင်းက ဘာမေးလဲဆိုတော့ ရုပ်ရှင်ကြည့်နေရင်း Screen မီးမှိတ်ပြီး Sleep mode ဝင်သွားလို့ Sleep ကျကျသွားတာကို မကြိုက်ပါဘူးတဲ့... Sleep ကျသွားလို့ ရုပ်ရှင်ကြည့်နေရင်း ကီးဘုတ်ကို ခဏခဏ သွားသွားနှိပ်ပေးနေရတာ.. ဇိမ်ပျက်တယ်.. ရုပ်ရှင်ကြည့်ရတာ အရသာမရှိဘူးတဲ့.. အဲလိုမနှိပ်ပဲနဲ့ တခါထည်း ရုပ်ရှင်ပြီတဲ့အထိ ကြည့်ချင်တာ.. ဘယ်လိုလုပ်ရမလဲ တဲ့..  အဲလို Sleep မကျအောင် ဘယ်လိုလုပ်ရလဲဆိုတာ ကျနော် ဒီမှာပြထားတဲ့ ပုံလေးတွေအတိုင်း သူ့ကွန်ပျူတာကို လုပ်ပေးလိုက်ပါတယ်..။ သူလည်း ရုပ်ရှင်ပြီးတဲ့အထိ ကီးဘုတ်နှိပ်စရာမလိုပဲ ကြည့်လို့ရသွားပါတယ်..။ ဒါပေမယ့် ကျနော့်ဆရာက ပြောဘူးပါတယ်...။ အမြဲတမ်း ဒီလို Never နဲ့ထားလို့ မကောင်းပါဘူးတဲ့.. ဘာလို့လဲဆိုတော့ ကွန်ပျူတာတွေဟာလည်း လူတွေနဲ့ တူပါတယ်..။ သူတို့လည်း လုပ်စရာမရှိရင် အနားယူချင်ကြပါတယ်..။ သူတို့ကို အနာမပေးတာ ကြာလာတဲ့အခါ Windows မှာ Error တွေများလာတတ်သလို ဟတ်ဒစ်လည်း လောင်တတ်ပါတယ်..။ ရှင်းရှင်းပြောရရင် စက်ပျက်တတ်တယ်လို့ ပြောချင်တာပါ..။ ဒါကြောင့် ရုပ်ရှင်ကြည့်ပြီးတဲ့အခါ Never Mode ကနေ Sleep Mode ပြန်ပြောင်းပေးသင့်ပါတယ်..။ 
              အောက်က ပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ...





    တကယ်လို့ Never နေရာတွေမှာ အရင်မပြောင်းခင်က အတိုင် ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ Never အားလုံး 5 minutes ဒါမှမဟုတ် 10 minutes လို့ အတူတူထားပေးလိုက်ပါ..။ Save changes နှိပ်ဖို့ မမေ့ပါနဲ့..။ ဒါဆိုရင် Sleep Mode ပြန်ရသွားပါပြီ..။ ရုပ်ရှင်ကြည့်တဲ့အခါ ဒီနည်းလေးကို စမ်းသုံးကြည့်လိုက်ပါဗျာ..
    Comments
    0 Comments

    No comments:

    Post a Comment

    Thanks For writing a comment on my blog.

    ဒိမှာ member လုပ်ရင် Join this Site ကိုနှိက်ပြိး Email နှင့်ယင်ပါ