• Showing posts with label Computer/ Burmese. Show all posts
    Showing posts with label Computer/ Burmese. Show all posts

    WINDOW 7 & XP PASSWORD HACKING ( Password ကိုဖြတ်နည်း)


    hiren's boot cd ကို cd drive ထဲသို့ထည့်ပါ။1st boot device ကို cd rom တွင်ထားပါ။
    ပြီးလျှင် F10 နှိပ်ပီးထွက်လိုက်ပါ။
    hiren's boot cd တတ်လာလျှင် start boot cd ကိုရွှေးပါ။password & registry tools ကိုရွှေးပြီး active password changer 3.0.420(nt/2000/xp/2003/vista) ကိုရွှေးပါ။
    ပြီးလျှင် auto loading လုပ်နေပါလိမ့်မည်။မည်သည့်ကီးမှမနှိပ်ပါနှင့်။
    ထိုနောက် option menu ပေါ်လာပြီး your choice နေရာတွင် choose logical drive ( 1 ) ကိုရွှေးပါ။
    logical drive list ပေါ်လာပြီး your choice
    နေရာတွင် window ရှိသော partition ( 0 ) ကိုရွှေးပါ။please wait ဆိုပြီး password ကိုရှာနေပါလိမ့်မည်။
    press enter to continue ဆိုပြီးပေါ်လာလျှင် enter ကိုနှိပ်ပါ။
    ထိုနောက် user list ပေါ်လာပြီး ကိုယ်ဖျက်ချင်တဲ့
    password ရဲ့ user account no. ကို your choice နေရာတွင်ထည့်ပါ။
    ပြီးလျှင် enter နှိပ်ပါ။ထိုနောက် Y ကိုနှိပ်ပြီး enter နှိပ်ပါ။ထိုနောက် ctrl+alt+del နှိပ်ပြီး reset ချပါ။
     window တတ်လာလျှင် password မတောင်းတော့ပါ။
    ထိုနည်းဖြင့် window xp နှင့် window 7 ကိုပါ hack လို့ရပါတယ်။
    လိုချင်ရင်ဒိမှာ Download ဆွဲလိုက်ပါ။
    Read More ->>

    SEND A FAX FOR FREE (FAX ကို အွန်လိုင်းကနေပို့တဲ့ FREE WEBSITE)



    အင်တာနက်ကနေ fax ကို free ပို့်လို့ရတဲ့ website လေးတွေပါ။ .doc,.pdf,etc.... အစရှိတဲ့ဖိုင်တွေကိုပို့လို့ရပါတယ်။ ဒိမှာ Click ပါ တစ်ခုကတော့ဒိမှာ Click ပါ ကြိုက်တာ ရွေးလို့ရပါတယ်။ ကြိုက်တယ်ဆိုရင် ဒိမှာ Like ပေးပါ
    Read More ->>

    Android Device ကို Root လုပ်မယ်ဆိုလျှင် ပထမဆုံး လိုအပ်တဲ့ အချက်များ

    Android OS သုံးထားတဲ့ Device ကို Root လုပ်မယ်ဆိုလျှင် ပထမဆုံး လိုအပ်တဲ့ အချက်များ ကို မသိသေးတဲ့ မိတ်ဆွေတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ ဒါဆိုပထမဆုံး စာဖတ်သူသိထားရမှာကတော့ Warranty ဆုံးရှုံးနိုင်တာကိုပါ။ ဒုတိယကတော့ Manager File တွေကိုမဖျက်မိအောင်ဂရုစိုက်ပေးရပါမယ်။ တတိယကတော့ အရေးကြီးဖုန်းနံပါတ်များနှင့် SIM Card ထဲမှ Data များကို Backup လုပ်ထားရပါမယ်။ Root လုပ်ရန်နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ Computer နှင့် USB မှချိတ်ဆက်ပြီး ပြုလုပ်ပါတယ်။ နောက်တစ်ခုကတော့ Android Device အတွင်းကို ကူးယူထည့်သွင်းပြီး တိုက်ရိုက်မောင်းနှင်ခိုင်းတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဒါလေးတွေတော့သိထားဖို့ လိုအပ်ပါတယ်။ Computer နှင့်ချိတ်ဆက်ပြီး Root လုပ်လျှင် Device ကိုအလိုအလျောက်အားသွင်းတာကြောင့် Battery အားရှိနေရန်မလိုအပ်သော်လည်း၊ .apk Application များဖြင့် Root လုပ်တဲ့အခါမှာတော့ Device ကို အနည်းဆုံး 75% ကျော် Battery အားရှိနေဖို့လိုအပ်ပါတယ်။ Computer နဲ့ပဲချိတ်ဆက်ပြီး Root လုပ်လုပ်၊ တိုက်ရိုက်ပဲ Application ထည့်ပြီး Root လုပ်လုပ် စာဖတ်သူရဲ့ Device အတွင်းမှ Setting => Application => Unknown Sources ကို No ပေးထားရပါမယ်။ ၎င်းရဲ့လုပ်ဆောင်ချက်ကတော့ Android အသိအမှတ်ပြု Market မှရယူထားခြင်းမဟုတ်တဲ့ Program တွေကို Device ထဲထည့်သွင်းတဲ့အခါ Administrator မှသိရှိပြီး Allow ခွင့်ပြုကြောင်းပြောလိုက်တာပါ။ အကယ်၍စာဖတ်သူ Device မှာ အဆိုပါ Function မပါရှိပါက ADB Command ဖြင့်သာထည့်သွင်းရပါမယ်။ Computer နဲ့ချိတ်ဆက်ပြီး Root လုပ်ခြင်း၊ Backup လုပ်ခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များအတွက် USB Dubbing ကိုသိထားရပါမယ်။ Super One Click ကဲ့သို့သော Computer Connect Rooting လုပ်ငန်းစဉ်များအတွက် USB Dubbing ဟာ မလုပ်မနေ On ပေးရပါတယ်။ USB Dubbing လုပ်ဆောင်ချက်ရှိမှသာ Computer နဲ့ ချိတ်ဆက်ပြီး Device တွေကိုပြင်ဆင်ပြောင်းလဲတဲ့ အခါမှသာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

    ၁။ Unknown Sources On နည်း
    အဆင့် ၁။ ပုံ

    အဆင့် ၂။ ပုံ
    အဆင့် ၃။ ပုံ





    ၂။ USB Dubbing On နည်း
    အဆင့် ၁။ ပုံ

    အဆင့် ၂။ ပုံ
    အဆင့် ၃။ ပုံ
    အဆင့် ၄။ ပုံ

    Read More ->>

    Android OS Device အတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် များ


    ဒီနေ့တင်ပေးတဲ့ ပို့(စ်)လေးကတော့ Android OS Device အတွက် အင်္ဂလိပ်-မြန်မာ/မြန်မာ-အင်္ဂလိပ် အဘိဓာန် များ ဖြစ်ပါတယ်။ ကြိုက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်။ ကျနော်သုံးနေတာမို့လို့ မသိသေးတဲ့မိတ်ဆွေတွေ ရှိခဲ့ရင် အလွယ်တကူ ယူသုံးလို့ရအောင် ဆိုတဲ့ စေတနာလေးဖြင့်တင်ပေးရတာပါ။
    ၁။ Planet Dictionary (အင်္ဂလိပ်-မြန်မာ)
    File Size : 3.52 MB
    ၂။ MyanDroid Dictionary (အင်္ဂလိပ်-မြန်မာ/မြန်မာ-အင်္ဂလိပ်)
    File Size : 890.46 KB
    .apk File များကို Install မလုပ်တတ်တဲ့ မိတ်ဆွေတွေရှိခဲ့ရင် ဒီပို့(စ်)လေးမှာ ကြည့်နိုင်ပါတယ်။
    Read More ->>

    Internet ပေါ်တွင် မြန်မာပုံနက်စာ ထည့်တွင်းနည်း

    ဒီပို့(စ်)လေးကတော့ ဘာ Cond မှမဟုတ်ပါဘူး။ အင်တာနက်ပေါ်တွင် မြန်မာ (ဇော်ဂျီဖောင့်) Zawgyi-One စာရိုက်စနစ်ထည့်တွင်းနည်းလေးပါ။ စာနဲ့တော့လိုက်မရေးတော့ဘူးနော် အာက်မှာ ပုံနှင့် ပြပေးလိုက်ပါတယ်။ ပုံကိုကြည့်ပြီး ပုံအတိုင်တာ လုပ်ဆောင်ပါ။ အဆင်မပြေရင် Comment မှာ ပြန်မေးလို့ရပါတယ်။

    အဆင့် ၁။ 

    အဆင့် ၂။

    အဆင့် ၃။

    အဆင့် ၄။

    အဆင့် ၅။


    အဆင့် ၆။
    Read More ->>

    Alpha ZawGyi Unicode Download

    မြန်မာဖောင့်တွင်လူကြိုက်အများဆုံး Alpha Zawgyi ယူနီကုတ် မြန်မာစာ စာရိုက်စနစ်
    ၂ခုပေးထားပါတယ်။ တစ်ခုအဆင်မပြေရင် နောက်ထပ် ထပ်ရှာစရာမလိုအောင်ပေါ့နော်။
    အောက်မှာပုံနဲ့တကွပြထားပါတယ် မိမိကြိုက်ရာ ဒေါင်လုဒ် လိုက် ပေါ့ဗျာ။




    ၁။ Internet Explorer နဲ့ Mozilla Firefox မှာမြင်တွေ့နိုင်သည်

    ၂။ Mozilla Firefox မှာ့မြင်တွေ့နိုင်သည်
                            
    Read More ->>

    AUnique Style Drop DownBar Navigation Menu သုံးချင်ရင်

    အချိန်ရတုန်း၊A Unique Style Drop DownBar Navigation Menuလေးတင်ပေးလိုက်ပါ။ဒီMenuကသုံးတဲ့သူတွေအရမ်းနည်းပါ
    တယ်။ကျနော်အောက်မှာသွားကြည့်လို့ရအောင်
    လည်းDEMOလင့်ခ်လေးပေးသလိုပုံနဲ့တကွပြထားပေးပါတယ်။ကြိုက်ကြမယ်လို့လည်းမျော်လင့်ပါတယ်။
     မှတ်ချက်။ ။ပုံကိုကြည့်ရတာအဆင်မပြေရင်Clickထပ်နိုပ်ပေးလိုက်ပါ။

    ၁။အောက်ကကုဒ်ကိုရှာပါ။
      ၂။တွေ့ပြီဆိုရင်အပေါ်မှာအောက်ကကုဒ်ကိုထည့်ပေးလိုက်ပါ။
    ၃။အောက်ကကုဒ်ကိုပြထားတဲ့ပုံအတိုင်းထည့်ပေးလိုက်ပါ။


    မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
    ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် Sungsah
    Read More ->>

    Computer အမှူက်ရှုင်းနည်း ။ ၁


    http://www.pro-techcomputerclean.com/graphics/computerscruba_rev.gif

    ကဲအခုကျန်တော်ရေးရမည် အကြောင်းကတော့ Computer ကိုဘယ်လိုသန့်ရှင်း
    ရေးလုပ်ရမလဲ Computer က Virus မရှိရင်လဲ အမှူက်တွေအရမ်းများနေရင်တော့
    အရမ်းကိုနှေနေပါတယ် ဒါကြောင် အနည်းဆုံး တစ်ပတ်ရင် တစ်ခါသန်ရှင်းလုပ်ပေး
    နေရင်တော့ အရမ်းကောင်းတယ် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့ အရင်
    ဦးဆုံး Computer ကိုသွားပါ ပြီးတော့ Local Disk ကို Right Click လုပ်လိုက်ပါ
    ပြီးတော့ Properties ကိုသွားပါ။




    ပြီးတော့ အောက်ပုံမှာမြင်တဲ့အတိုင်း ပေါလာပါလိမ်မည် ပေါလာရင်တော အောက်က
    Disk Clean ကို Clean ပေးလိုက်ပါ။
    နောက်ပြီးတော့ ဒီလိုပေါလာပါလိပ်မည်။


    နောက်ပြီးတော့ Clean Up System File ကို Click ပေလိုက်။


    နောက်ပြီးတော့ OK Click ပေးလိုက်ပါ။

    ပြီးတော့ Delete File ဒါဆိုပြီးပြီ။


    Computer အမှူက်ရှုင်းနည်း ။ ၁
    Read More ->>

    Facebook Friend တွေထဲမှာ ကိုယ့်ကို ဘယ်သူ block ထားသလဲ

    Facebook ပေါ်မှာက ကိုယ့်ကို ဘယ်သူက Block ထားလဲ၊ Unfriend လုပ်ထားလဲ ဆိုတာ လူတိုင်း သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီအတွက် သိနိုင်မယ့် နည်းလမ်း ရှိပါတယ်။

    Facebook ကတော့ အဲ့လို သိနိုင်တဲ့ အခွင့်အလမ်းမပေးပါဘူး။ ပေါ်လစီ အရ ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် App ထွင်သူ developer များကလည်း နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ အလွယ်ဆုံး နည်းကို တော်တော်များများ သတိမထားမိချိန် App တစ်ခုကတော့ လုပ်လိုက်ပါတယ်။ ဒါကတော့ ကိုယ့်မှာ ရှိတဲ့ Friend အရေအတွက်နဲ့ အဝင်အထွက်ကို မှတ်သားပေးတဲ့ App ဖြစ်ပါတယ်။ Who is hidding there အမည်ရ App ဖြစ်ပါတယ်။

    စသုံးတုန်းကတော့ ခပ်လှန့်လှန့်နဲ့ စမ်းကြည့်လိုက်ပါတယ်။ သင့်ကို Block လုပ် ထားသူ၊ Unfriend လုပ်ထားသူ၊ Delete လုပ်ထားသူ မရှိဘူးလို့ ပြော ပါတယ်။ ပထမဆုံးအကြိမ် အသုံးပြုသူအတွက်ကတော့ ကြိမ်းသေအသုံးဝင် မဝင် မသေချာပါဘူး။

    ဒီတော့ နောက်တစ်ကြိမ်အသုံးပြုမှ ရပါမယ်။ အဓိကကတော့ App နဲ့ ထိတွေ့ ပေးဖို့ ဖြစ်ပါတယ်။ဒီတော့ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

    ၁။ ဒိမှာ ဝင်ပါ။

    ၂။ ဘယ်ဘက်မှ Login with Facebook ကို နှိပ်ရပါမယ်။

    ၃။ Go to App ကိုနှိပ်ပြီး သာမန် App သုံးတဲ့အတိုင်းမေးပါလိမ့်မယ်။ Allow လို့ဖြေပေးရင် ရပါပြီ။

    ၄။ ဒါဆို ကိုယ်ဝင်ထားတဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်ကို ဘယ်သူတွေ Block ထားလဲ ဆိုတာ ပေါ်သွားပါပြီ။

    ဒီမှာ ပထမဆုံးအကြိမ်အသုံးပြုသူများအနေနဲ့ No one delete you / No one unfriend you on faceobok. ဆိုတာမျိုးပေါ်လာတတ်ပါတယ်။

    ကိစ္စမရှိပါဘူး။ နောက်နေ့မှာ ယင်း App ကိုပြန်ဝင်ကြည့်ရင် Block လုပ်ထားသူများ၊ Unfriend လုပ်ထားသူများကို မြင်တွေ့နိုင်ပါပြီ။ ရက်များများခြားလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ယင်း App နဲ့ ကိုယ့် အကောင့်နဲ့ ရင်းနှီးသွားစေဖို့ ဖြစ်ပါတယ်။ ဒါမှ သူ analyst လုပ်ပေးဖို့ ဖြစ်ပါတယ်။

    အားလုံးတော့ တွေ့ရပုံမပေါ်ပါဘူး။ အကြောင့်အမျိုးမျိုးကြောင့် အကောင့် ဖျက်လိုက်သူတွေ၊ ကိုယ့်ကို Unfriend လုပ်သူတွေကို စာရေးသူ တကယ် မြင်တွေ့လိုက်ပါတယ်။ ကိုယ့်ကို Unfriend မလုပ်ပေမယ့် Friend list မှာ ရှိပေမယ့် လုံးဝ ဝင်မကြည့်ဖြစ်သူ၊ သတိမထားမိသူ တစ်ယောက်ကိုလည်း ဖော်ပြပေးပါတယ်။

    အကောင့် လုံခြုံရေးအတွက် App ကိုပထမအကြိမ်သုံးပြီးရင် Account setting မှာ ပြန်ဝင်ဖျက်ထားရပါမယ်။ နောက်တစ်ကြိမ် အသုံးပြုမှ ပြန်ဝင်လည်း ရပါတယ်။

    စာဖတ်သူတို့ စမ်းကြည့်လို့အဆင်ပြေမယ်လို့ ယူဆပါတယ်။
    Read More ->>

    Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်



    ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့ လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့ စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါဗျာ..

    ဒေါင်းလော့ချလို့ ရလာတဲ့ဆော့ဝဲလ်ကို အင်စတောလ်ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..

    အထဲမှာပါတဲ့ ကီးကို အပေါ်ကပုံအတိုင်း ထည့်ပြီးရင် အဲဒီနေရာမှာပဲ ပြန်ဖွင့်ကြည့်လိုက်ပါ..။ ဒီအောက်ကပုံ အတိုင်း ပြနေရင် ဖူးဗားရှင်း ဖြစ်သွားပါပြီ..





    အောက်ကပုံကတော့ သူ့ထဲမှာပါတဲ့ ဘက်ဂရောင်းဖရိန် အနည်းငယ်ကို ပြပေးလိုက်တာပါ..။ အစိမ်းတုံးလေးတွေကို တခုချင်းကလစ်ပြီး မိမိတို့ကြိုက်တဲ့ ဒီဇိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်..။


    အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
    Read More ->>

    Desktop မှာအမှိုက်ပုံးပျောက်တဲ့အခါ


     

     Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးက တခါတလေ Desktop မှာပျောက်တတ်ပါတယ်..။ Desktop ပေါ်က Icon တွေဖျက်ရင်းနဲ့ ပါသွားတတ်ပါတယ်..။ နောက်တစ်ခုက Windows7 အသစ်တင်တဲ့အခါ အမှိုက်ပုံးပါမလာတာ ကြုံဖူးပါတယ်..။ ဘယ်ဗားရှင်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး..။ Windows7 Home Premium ဖြစ်ဖို့များတယ်..။ အခုဒီနည်းလေးနဲ့ ပဲရှာတွေ့ခဲ့တယ်..။ ဒါကြောင့် လိုလိုမယ်မယ် အမှိုက်ပုံးပျောက်တဲ့သူတွေ ပြန်ရှာတွေ့အောင်လို့ တင်ပေးလိုက်တာပါ..။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာလည်း လိုက်ရှာပေးဖူးတယ်..။ အဲတုန်းကလည်း တခါမှ မကြုံဖူးသေးတော့ တော်တော်လေးရှာလိုက်ရတယ်..။  ဝင်းဒိုးလည်း မတင်တတ်သေးတော့ အတွေ့အကြုံလည်းမရှိသေး.. ဝင်းဒိုးထဲက စာတွေအများကြီး ဖတ်လိုက်ရတယ်..။ တော်တော်ကြာမှ လုပ်နည်းကိုသွားတွေ့တယ်..။
    အဲနည်းက ဝင်းဒိုးထဲမှာပဲရှိပါတယ်..။ သူပြောတဲ့အတိုင်း လုပ်လိုက်တော့ လွယ်မှလွယ် .. အခုပုံမှာပြထားတဲ့ အတိုင်းလေးပါပဲ..။ နောက်တင်မယ့်ပိုစ့်မှာ အမှိုက်ပုံး ထဲက အမှိုက်တွရှင်းတာ ပါမှာမို့လို့ အမှိုက်ပုံးထုတ်နည်းလေး အရင်ပြထားတာပါ..။ အရင်ဆုံး Start ကိုသွား Search programs and files နေရာမှာ Desktop icon လို့ရိုက်ထည့်.. ကျန်တာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပါပဲ.. လိုလိုမယ်မယ် လေ့လာထားသင့်ပါတယ်..။



    Apply >> OK နှိပ်ပြီးရင်တော့ Desktop မှာ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံး ပေါ်လာပါပြီ..။
    Read More ->>

    Screen မှာ ဓါတ်ပုံ စလိုက်ရှိုး လုပ်ကြည့်ရအောင်

      
    ကျနော်တို့ ကွန်ပျူတာရဲ့ screen မှာ ဓါတ်ပုံ စလိုက်ရှိုးလေးတွေ တပုံပြီးတပုံ ပြေးနေအောင် လုပ်ကြည့်ရအောင်.. Windows7 ရဲ့ original ပုံတွေအပြင် နောက်ထပ် ပုံလှလှလေးတွေကို အင်တာနက်ကနေ ဒေါင်းလို့ရပါသေးတယ်.. Personalization ဘောက်စ်ထဲမှာရှိတဲ့ Get more themes online နေရာကို တချက်ကလစ်လိုက်တာနဲ့ အင်တာနက်ပေါ်က windows7 ရဲ့ Themes တွေရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်..။
    အဲဒီမှာ ကိုယ့်စိတ်ကြိုက်ရွေးပြီး Download နေရာကိုနှိပ်လိုက်တာနဲ့ အဲဒီပုံတွေဟာ ကိုယ့်စက်ထဲကို ရောက်လာပါပြီ...။ နောက်တခုက မိမိတို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို screen မှာ စလိုက်ရှိုး ပြေးခိုင်းလို့ရပါသေးတယ်..။ ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..


     
                               
                                    ဒီအောက်မှာတော့ မိမိတို့ စိတ်ကြိုက်ပုံတွေ ထည့်တာပါ..


     
     ချွင်းချက်အနေနဲ့ Windows7 starter လို version နှိမ့်တဲ့ Windows တွေမှာ စလိုက်ရှိုးမရပါဘူး..။ Windos7 Ultimate, professional, home premerium တို့လို version မြင့်တဲ့ Windows တွေမှာပဲ ရပါတယ်..။ 



    Read More ->>

    ဒိမှာ member လုပ်ရင် Join this Site ကိုနှိက်ပြိး Email နှင့်ယင်ပါ