Android OS သုံးထားတဲ့ Device ကို Root လုပ်မယ်ဆိုလျှင် ပထမဆုံး လိုအပ်တဲ့
အချက်များ ကို မသိသေးတဲ့ မိတ်ဆွေတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။
ဒါဆိုပထမဆုံး စာဖတ်သူသိထားရမှာကတော့ Warranty ဆုံးရှုံးနိုင်တာကိုပါ။
ဒုတိယကတော့ Manager File တွေကိုမဖျက်မိအောင်ဂရုစိုက်ပေးရပါမယ်။ တတိယကတော့
အရေးကြီးဖုန်းနံပါတ်များနှင့် SIM Card ထဲမှ Data များကို Backup
လုပ်ထားရပါမယ်။ Root လုပ်ရန်နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့
Computer နှင့် USB မှချိတ်ဆက်ပြီး ပြုလုပ်ပါတယ်။ နောက်တစ်ခုကတော့ Android
Device အတွင်းကို ကူးယူထည့်သွင်းပြီး
တိုက်ရိုက်မောင်းနှင်ခိုင်းတာပဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ဒါလေးတွေတော့သိထားဖို့ လိုအပ်ပါတယ်။ Computer
နှင့်ချိတ်ဆက်ပြီး Root လုပ်လျှင် Device ကိုအလိုအလျောက်အားသွင်းတာကြောင့်
Battery အားရှိနေရန်မလိုအပ်သော်လည်း၊ .apk Application များဖြင့် Root
လုပ်တဲ့အခါမှာတော့ Device ကို အနည်းဆုံး 75% ကျော် Battery
အားရှိနေဖို့လိုအပ်ပါတယ်။ Computer နဲ့ပဲချိတ်ဆက်ပြီး Root လုပ်လုပ်၊
တိုက်ရိုက်ပဲ Application ထည့်ပြီး Root လုပ်လုပ် စာဖတ်သူရဲ့ Device
အတွင်းမှ Setting => Application => Unknown Sources ကို No
ပေးထားရပါမယ်။ ၎င်းရဲ့လုပ်ဆောင်ချက်ကတော့ Android အသိအမှတ်ပြု Market
မှရယူထားခြင်းမဟုတ်တဲ့ Program တွေကို Device ထဲထည့်သွင်းတဲ့အခါ
Administrator မှသိရှိပြီး Allow ခွင့်ပြုကြောင်းပြောလိုက်တာပါ။
အကယ်၍စာဖတ်သူ Device မှာ အဆိုပါ Function မပါရှိပါက ADB Command
ဖြင့်သာထည့်သွင်းရပါမယ်။ Computer နဲ့ချိတ်ဆက်ပြီး Root လုပ်ခြင်း၊ Backup
လုပ်ခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များအတွက် USB Dubbing
ကိုသိထားရပါမယ်။ Super One Click ကဲ့သို့သော Computer Connect Rooting
လုပ်ငန်းစဉ်များအတွက် USB Dubbing ဟာ မလုပ်မနေ On ပေးရပါတယ်။ USB Dubbing
လုပ်ဆောင်ချက်ရှိမှသာ Computer နဲ့ ချိတ်ဆက်ပြီး Device
တွေကိုပြင်ဆင်ပြောင်းလဲတဲ့ အခါမှသာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
၁။ Unknown Sources On နည်း
အဆင့် ၁။ ပုံ
၁။ Unknown Sources On နည်း
အဆင့် ၁။ ပုံ