• Facebook Friend တွေထဲမှာ ကိုယ့်ကို ဘယ်သူ block ထားသလဲ

    Facebook ပေါ်မှာက ကိုယ့်ကို ဘယ်သူက Block ထားလဲ၊ Unfriend လုပ်ထားလဲ ဆိုတာ လူတိုင်း သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီအတွက် သိနိုင်မယ့် နည်းလမ်း ရှိပါတယ်။

    Facebook ကတော့ အဲ့လို သိနိုင်တဲ့ အခွင့်အလမ်းမပေးပါဘူး။ ပေါ်လစီ အရ ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် App ထွင်သူ developer များကလည်း နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ အလွယ်ဆုံး နည်းကို တော်တော်များများ သတိမထားမိချိန် App တစ်ခုကတော့ လုပ်လိုက်ပါတယ်။ ဒါကတော့ ကိုယ့်မှာ ရှိတဲ့ Friend အရေအတွက်နဲ့ အဝင်အထွက်ကို မှတ်သားပေးတဲ့ App ဖြစ်ပါတယ်။ Who is hidding there အမည်ရ App ဖြစ်ပါတယ်။

    စသုံးတုန်းကတော့ ခပ်လှန့်လှန့်နဲ့ စမ်းကြည့်လိုက်ပါတယ်။ သင့်ကို Block လုပ် ထားသူ၊ Unfriend လုပ်ထားသူ၊ Delete လုပ်ထားသူ မရှိဘူးလို့ ပြော ပါတယ်။ ပထမဆုံးအကြိမ် အသုံးပြုသူအတွက်ကတော့ ကြိမ်းသေအသုံးဝင် မဝင် မသေချာပါဘူး။

    ဒီတော့ နောက်တစ်ကြိမ်အသုံးပြုမှ ရပါမယ်။ အဓိကကတော့ App နဲ့ ထိတွေ့ ပေးဖို့ ဖြစ်ပါတယ်။ဒီတော့ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

    ၁။ ဒိမှာ ဝင်ပါ။

    ၂။ ဘယ်ဘက်မှ Login with Facebook ကို နှိပ်ရပါမယ်။

    ၃။ Go to App ကိုနှိပ်ပြီး သာမန် App သုံးတဲ့အတိုင်းမေးပါလိမ့်မယ်။ Allow လို့ဖြေပေးရင် ရပါပြီ။

    ၄။ ဒါဆို ကိုယ်ဝင်ထားတဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်ကို ဘယ်သူတွေ Block ထားလဲ ဆိုတာ ပေါ်သွားပါပြီ။

    ဒီမှာ ပထမဆုံးအကြိမ်အသုံးပြုသူများအနေနဲ့ No one delete you / No one unfriend you on faceobok. ဆိုတာမျိုးပေါ်လာတတ်ပါတယ်။

    ကိစ္စမရှိပါဘူး။ နောက်နေ့မှာ ယင်း App ကိုပြန်ဝင်ကြည့်ရင် Block လုပ်ထားသူများ၊ Unfriend လုပ်ထားသူများကို မြင်တွေ့နိုင်ပါပြီ။ ရက်များများခြားလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ယင်း App နဲ့ ကိုယ့် အကောင့်နဲ့ ရင်းနှီးသွားစေဖို့ ဖြစ်ပါတယ်။ ဒါမှ သူ analyst လုပ်ပေးဖို့ ဖြစ်ပါတယ်။

    အားလုံးတော့ တွေ့ရပုံမပေါ်ပါဘူး။ အကြောင့်အမျိုးမျိုးကြောင့် အကောင့် ဖျက်လိုက်သူတွေ၊ ကိုယ့်ကို Unfriend လုပ်သူတွေကို စာရေးသူ တကယ် မြင်တွေ့လိုက်ပါတယ်။ ကိုယ့်ကို Unfriend မလုပ်ပေမယ့် Friend list မှာ ရှိပေမယ့် လုံးဝ ဝင်မကြည့်ဖြစ်သူ၊ သတိမထားမိသူ တစ်ယောက်ကိုလည်း ဖော်ပြပေးပါတယ်။

    အကောင့် လုံခြုံရေးအတွက် App ကိုပထမအကြိမ်သုံးပြီးရင် Account setting မှာ ပြန်ဝင်ဖျက်ထားရပါမယ်။ နောက်တစ်ကြိမ် အသုံးပြုမှ ပြန်ဝင်လည်း ရပါတယ်။

    စာဖတ်သူတို့ စမ်းကြည့်လို့အဆင်ပြေမယ်လို့ ယူဆပါတယ်။
    Comments
    0 Comments

    No comments:

    Post a Comment

    Thanks For writing a comment on my blog.

    ဒိမှာ member လုပ်ရင် Join this Site ကိုနှိက်ပြိး Email နှင့်ယင်ပါ