• ဖိုင်တွေအားလုံး ပျောက်သွားတယ် ဆိုရင် ဒီလိုလုပ်



    ဗိုင်းရပ်စ် ကိုက်သွားလို့ ယူအက်စ်ဘီထဲက ဖိုင်တွေ ပျောက်သွားလို့ စိတ်ညစ်မနေပါနဲ့။ ဒီလိုလေး လုပ်ရုံပါဘဲ။
    (အခုပြောမှာက ဗိုင်းရပ်စ်က ဖိုင်တွေကို ၀င်းဒိုးစ်စစ်စတမ်ဖိုင်အဖြစ်ပြောင်းလိုက်လို့ ဖိုင်တွေ မတွေ့ရတော့တဲ့ အမျိုးအစားအတွက်ပါ။ ဖိုင်တွေက ပျက်သွားတာမဟုတ်ဘဲ ရှိနေဆဲပါ။ ဒါပေမယ့် Hidden file/folder ဖြစ်သွားတာပါ။ Right Click > Properties မှာ Hidden ကို uncheck လုပ်လို့လည်း မရပါ။)
    ပထမဆုံး Control Panel > Folder Options ကိုဖွင့်ပြီး View ရဲ့အောက်မှာရှိတဲ့
    1. Show hidden files, folders and drives ကို check (အမှတ်ခြစ်) လိုက်တယ်
    2. Hide extensions for known file types ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
    3. Hide protected operation system files (Recommended) ကို uncheck (အမှတ်ခြစ်ဖြုတ်) လိုက်တယ်
    ပြီးတော့ Ok, Ok တွေ လုပ်လိုက်တယ်။
    ကဲ အခု အဲဒီ ယူအက်စ်ဘီကို ပြန်ဖွင့်ကြည့်ပါ။ ပျောက်နေတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို Hidden file အဖြစ် မြင်နေရပါမယ်။
    1. cmd run လိုက်ပါ။ (Start > Run ကိုဖွင့်ပြီး cmd လို့ရိုက်ထည့်။ Enter ခေါက်ပါ။)
    2. ကိုယ့်ယူအက်စ်ဘီရဲ့ Driver Letter + Full Column ကို ပုံမှာပြထားတဲ့အတိုင်း ထည့်ပေးပြီး Enter ခေါက်ပါ။ (Drive Letter က e ဆိုရင် e: လို့ထည့်ပါ။ g ဆိုရင် g: လို့ထည့်ပြီး Enter ခေါက်ပါ။)
    3. dir /ah လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
    4. attrib [name of file/folder] -r -a -s -h လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ (အခု အဲဒီ ဖိုင်/ဖိုလ်ဒါ ပုံမှန်ပြန်ဖြစ်သွားတာ တွေ့ရပါမယ်။)
    ပုံမှာပြထားတာကို ကြည့်ပါ။ cmd run လုပ်ပြီး g: ရိုက်ထည့်- Enter ခေါက်တာက အဆင့် ၁ မှာ။ (ကျနော့် ယူအက်စ်ဘီက drive g ဖြစ်လို့ပါ။)
    dir /ah ရိုက်ထည့်- Enter ခေါက်တာက အဆင့် ၂ မှာ။ (အဆင့် ၂ လုပ်ပြီးရင် ဖိုင်/ဖိုလ်ဒါ အမည်တွေ ပေါ်လာတာတွေ့ရပါမယ်။)
    အဆင့် ၃ မှာ attrib ဖိုင်/ဖိုလ်ဒါအမည် -r -a -s -h လုပ်တာမှာ အမည်မှားနေလို့ file not found လို့ပြန်ပြောပါတယ်။
    အဆင့် ၄ မှာတော့ ဖိုင်/ဖိုလ်ဒါအမည် မှန်သွားလို့ ဘာမှမပြောတော့ပါဘူး။
    အဲဒီ အဆင့် ၄ အတိုင်း နောက်ထပ်ဖိုင်တွေ ဖိုလ်ဒါတွေကို တခုချင်းလုပ်သွားပေးပါ။
    ဒါဆိုရင် ဖိုင်တွေ ဖိုလ်ဒါတွေ အားလုံး ပုံမှန် ပြန်ဖြစ်သွားပါပြီ။
    အားလုံး အဆင်ပြေကြပါစေဗျား။
    မှတ်ချက်။ အချို့ဖိုင်တွေ ဖိုလ်ဒါတွေအမည်မှာ space bar ပါနေတာမျိုးဖြစ်တတ်ပါတယ်။ ဥပမာ- zwekabin backup files အဲသလိုမျိုးဆိုရင် zwekabinbackupfiles သို့မဟုတ် zwekabin_backup_files အဲသလိုမျိုးအရင်ပြောင်းထားပေးဖို့ လိုပါမယ်။ (cmd မှာ space ဘယ်လိုထည့်ရလဲ ကျနော်မသိလို့။ တယောက်ယောက်များ သိရင် ပြန်ပြောပြပါဗျား။)
    နောက်တခုက အချို့ဖိုင်တွေ ဖိုလ်ဒါတွေက နာမည် အရှည်ကြီးဖြစ်နေတယ်။ အဲဒီအတွက် ပထမဆုံး ၆ လုံးနဲ့ ~1 ဒါကို ထည့်ပေးရင်လည်းရတယ်လို့ ဆိုပါတယ်။
    Comments
    0 Comments

    No comments:

    Post a Comment

    Thanks For writing a comment on my blog.

    ဒိမှာ member လုပ်ရင် Join this Site ကိုနှိက်ပြိး Email နှင့်ယင်ပါ