• ပိတ်ချင်သလား ၀ှက်ချင်သလား ???
    အားလုံး စာဖတ် မိတ်တွေများ ၊ လာလည်တဲ့ မိတ်ဆွေများကို ပို့စ်အတင်နည်းသွားတဲ့အတွက် အယင်းဆုံး တောင်းပန်ပါတယ်ဗျာ။ ကဲ .. ဒီနေ့တော့ အသုံးဝင်မေ ထင်တဲ့ နည်းပညာနှစ်ခုကို ကျနော် မျှဝေ လိုက်ပါတယ်။
    (ပထမ) ကွန်ပြူတာကို အချိန်နဲ့ပိတ်ခိုင်းခြင်း။
    ကျနော်တို့ windows အထဲမှာ အလိုအလျှောက်ပါတဲ့ ကွန်ပျူတာကို ပိတ်စေတဲ့ နည်းလမ်းလေးတခုပါပါတယ်။ အဲဒါလေးကို ကျနော်ပြောပြမယ်ဗျာ။ သိပြီးသားဆိုရင်တော့ ဆော်ရီပဲ။ မသိသေးသေးတဲ့ လူတွေကို အဓိက ရည်ရွယ်ပါတယ်။
    အယင်းဆုံး Start>Run (or) Windows (key) + R ကို ဖွင့်လိုက်ပါ
    ပွင့်လာတဲ့ box အထဲမှာ cmd လို့ရိုက် Enter (or) OK လုပ် command prompt ထဲကိုရောက်သွားလိမ်မယ်။
    အဲဒီအထဲမှာ shutdown -s -t 3600 လို့ပေးလိုက်ပါ။ 3600 က စက္ကန့်ကိုပဲ ပြောတာနော်။ ကို ပိတ်ချင်သလောက်ကို ရိုက်ထည့်ပေါ့။
    အဲဒီအချိန်ကျရင် အလိုလို ပိတ်သွားလိမ်မယ်။
    အကယ်လို မပိတ်စေချင်ဘူး၊ ပြန်ဖျက်ချင်တယ်ဆိုရင်shutdaon -a လို့ပဲ ပြန်ရိုက်ပေးလိုက်။ ဒါဆို အိုကေသွားလိမ်မယ်။ တခါတလေ သီချင်းနားထောင်ပြီး အိပ်ချင်တယ်ဆိုရင်တော့ ကွက်တိပဲ။ အဲ … ဒါပေမယ် Auto shutdown ဆိုတဲ့ Software လည်းရှိတယ်နော်။ဒါကတော့ ပိတ်တဲ့နည်းပါ။
    ကဲ နောက်တနည်း >>>>Software မသုံးဘဲ Folder ကိုဝှက်ထားနည်းလေးပါ…
    တခါတလေ သူများကို မပြချင်တဲ့ ဖိုင်တွေကို ၀ှက်ထားတဲ့အခါ ဒီနည်းကို ကျနော်သုံးပါတယ်။
    ဂရုစစ်ပြီးတော့ ဖတ်ဗျာ။ သိတဲ့ဘော်ဒါတွေအတွက်ကတော့ ဆော်ရီနော်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ။ :D
    မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..
    ဥပမာ..C: Drive အထဲမှာ folder name က 111 ဆိုပါတော့ ..(Floder name ကိုတော့ ကိုယ်ကြိုက်တာပေးပေါ့။)
    တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
    လုပ်ပါ..Start–>Run –> (or) Win + R ကိုသွားပါ.
    .Run ဘောက်ပေါ်လာရင်
    အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
    ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
    သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ.
    ပြန်ဖေါ်ချင်ရင်တော့..
    Start–>Run –>ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
    စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
    အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ..
    Comments
    0 Comments
    No comments:
    Post a Comment
    Thanks For writing a comment on my blog.
    ဒိမှာ member လုပ်ရင် Join this Site ကိုနှိက်ပြိး Email နှင့်ယင်ပါ