
သူငယ်ချင်းများလည်း သုံးဖို့လိုတယ်ဆိုရင် ဒေါင်းထားလိုက်ပါဗျား။ ဖိုင်ဆိုက်ကတော့ စုစုပေါင်း 723 mb ရှိပါတယ်။ အပိုင်း ၈ ပိုင်းခွဲပြီး တင်ထားတာပါ။ အပိုင်းအားလုံးကို ဒေါင်းရပါမယ်။ ဒေါင်းပြီးတဲ့ အပိုင်းအားလုံးကို ဖိုလ်ဒါတခုထဲ အတူထည့်ထားပြီး အပိုင်း ၁ ကို Right Click > Extract Here လုပ်ပေးလိုက်ပါ။ (Zip သုံးတဲ့သူတွေကတော့ Right Click > Zip > Extract ဖြစ်မယ်ထင်ပါတယ်)။
ဇစ်ဖြည်ပြီးရင် ဖိုလ်ဒါတခု ရလာပါမယ်။ ဖိုလ်ဒါထဲမှာ autorun ဖိုင်တခုတွေ့ပါမယ်။ autorun.hta (HTML ဖိုင်ပါ)။
အဲဒီဖိုင်ကို ဖွင့်။ ခဏစောင့်လိုက်ရင် ကိုယ့်စက်နဲ့ ကိုက်ညီမယ့် ဒရိုင်ဗာရှိရင် အဲဒီ ဒရိုင်ဗာတွေ ပေါ်လာပါမယ် (ပုံမှာ ပြထားတဲ့အတိုင်း)။ ကလစ်လုပ်ရုံပါဘဲ။ အဲဒါဆို သူ့ဘာသာသူ အင်စတော လုပ်သွားပါလိမ့်မယ်။
တိုက်ရိုက်ဒေါင်းလုတ်လင့် မူရင်းစာမျက်နှာကတော့ ဒီမှာထင်ပါတယ်။
ဒီ Driver Pack ကို ကျနော့်ကို ဝေမျှပေးတဲ့ သူငယ်ချင်း စောသောင်းအေး ကို အထူး ကျေးဇူးတင်ပါကြောင်း …
သြော် … ဒါနဲ့ အခု ဒီ Driver Pack က Windows Vista အတွက်လည်း အလုပ်လုပ်ပါကြောင်း … သို့သော် Vista က သိပ်မသုံးကြတော့ ခေါင်းစဉ်မှာတော့ ထည့်မပြောတော့ပါဘူးဗျာ။
တို့ရဲ့ မွေးရပ် ရောက်ဖူးရဲ့လား … လာလည်ပါကွယ် ချစ်မိတ်ဆွေ … ဖော်ရွေစွာတို့ ဆီးကြိုမယ် … တို့များ ရိုးရာကို သိရှိနိုင်မယ် …